ကုန်စျေးနှုန်းမြင့်မားမှုကြောင့် ယခုနှစ် ဇွန်လတွင် ငွေကြေးဖောင်းပွမှု ၈.၀၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး တစ်နှစ်အတွင်း မြန်မာငွေတန်ဖိုး ၇.၈ ရာခိုင်နှုန်း ကျဆင်းဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြော
အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်မားလာခြင်းကြောင့် ယခု ၂၀၁၉ ခုနှစ် ဇွန်လမှာ ငွေကြေးဖောင်းပွမှု ၈.၀၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၂၀၁၈ ဇွန်လကနေ ၂၀၁၉ ဇွန်လအထိ တစ်နှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။