ဝက်လက်မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၁ လုံးပြိုကျခဲ့ပြီး လူနေအိမ် ၅၀ နီးပါး အမိုးလန်မှုများ ဖြစ်ပွားခဲ့
ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွာသာကြီးအုပ်စု ယင်းမတောကျေးရွာမှာ သြဂုတ်လ၂၅ ရက် ည ၉ နာရီကျော်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၁ လုံးပြိုကျခဲ့ပြီး လူနေအိမ် ၄၉ လုံး အမိုးလန်မှုများ ဖြစ်ပွားခဲ့တယ်လို့ ဝက်လက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း၏ ပြောကြားချက်အရ သိရပါတယ်။