ရွှေပြည်သာမြို့နယ်တွင် လျှပ်စစ်မီတာခလျော့ချရေးအတွက် လူ ၁၅ဦးခန့်မှ ဖယောင်းတိုင်မီးထွန်း ဆန္ဒ ထုတ်ဖော်
ရွှေပြည်သာမြို့နယ်မှာ ပြည်သူဘဝအကြပ်အတည်းမဖြစ်စေဖို့အတွက် လျှပ်စစ်မီတာခ လျော့ချပေးရေး ခေါင်းစဉ်နဲ့ လူ ၁၅ ဦးခန့်က သြဂုတ်လ ၂၄ရက်နေ့ညနေပိုင်းက ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကို ရွှေပြည်သာမြို့နယ် ၃ လမ်းဆုံမှာ ညနေ၆နာရီခွဲခန့်မှစတင်ကာ ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း တောင်ဒဂုံမြို့နယ်မှာ လျှပ်စစ်မီတာခလျော့ချပေးရေးအတွက် ဖယောင်းတိုင်မီးထွန်းဆန္ဒဖော်ထုတ်ခဲ့ကြသေးတယ်လို့လဲသိရပါတယ်။