ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခကြောင့် ကုန်သွယ်မှု ပမာဏာ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ နစ်နာမှုရှိနေေ

ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခကြောင့် ကုန်သွယ်မှု ပမာဏာ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ နစ်နာမှုရှိနေေ
Published 25 August 2019

ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခကြောင့် မူဆယ် ၁၀၅ မိုင် နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့မှ ကုန်သွယ်မှု ပမာဏာ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ နစ်နာမှုရှိနေကြောင်း စီး/ကူးပြည်ထောင်စုဝန်ကြီးပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်ခံခဲ့ရမှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့မှ နေ့စဉ်စီးဝင်နေတဲ့ ကုန်သွယ်ရေးပမာဏ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ နစ်နာမှုရှိနေတယ်လို့ သိရပါတယ်။