မြောင်းမြသူနာပြုသင်တန်းကျောင်းအသစ်အတွက်ကျောင်းသား၊ကျောင်းသူများခေါ်ယူပြီးဖြစ်သော်လည်းတည်ဆောက်နေဆဲအဆောက်အဦများကျောင်းဖွင့်ချိန်အမီ ပြီးမည်မဟုတ်
မြောင်းမြမြို့မှာအသစ်တည်ဆောက်နေတဲ့ သူနာပြုသင်တန်းကျောင်းအတွက်ကျောင်းသား၊ကျောင်းသူ၈ဝဦးကိုခေါ်ယူထားပြီးဖြစ်ပေမယ့် တည်ဆောက်နေဆဲဖြစ်တဲ့ ကျောင်းအဆောက်အဦတွေကတော့ ကျောင်းဖွင့်ချိန်အမီ ပြီးဆုံးမှာမဟုတ်တာကြောင့်ယာယီနေရာတွေမှာသာနေရာပေးပြီးစာသင်ကြားနိုင်ဖို့ ယာယီစီစဉ်ထားတယ်လို့ သိရပါတယ်။