လာမည့်ခရီးသွားရာသီတွင် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဥရောပခြောက်နိုင်ငံမှ ခရီးသွားများကို ဝင်ရောက်ခွင့်ပြုမည်
နိုင်ငံခြားသားခရီးသွားတွေ အများဆုံးလာရောက်တဲ့ ပွင့်လင်းရာသီ အောက်တိုဘာလကနေ စတင်ကာ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ပြီး ဥရောပခြောက်နိုင်ငံခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာစနစ်နဲ့ ဝင်ရောက်ခွင့်ပြုမယ်လို့ မန္တလေးတိုင်း ဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။