အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ၂၅ ကြိမ်မြောက်ရုံးချိန်းတွင် တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်အား စစ်ဆေးခဲ့
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးတို့ကို ၂၅ ကြိမ်မြောက်ရုံးချိန်းမှာ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်အား စစ်ဆေးခဲ့ပြီး ယခင်စစ်ဆေးခဲ့သည့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များနှင့် ကွဲလွဲမှုများ ရှိနေတယ်လို့ သိရပါတယ်။