နောင်ချို ဂုတ်တွင်းတံတား ပြန်လည်တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီး မကြာမီရက်ပိုင်းအတွင်း မော်တော်ယာဉ်များ စတင်ဖြတ်သန်း အသုံးပြုနိုင်မည်
မိုင်းဖောက်ခွဲခံခဲ့ရတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းတံတားကို ပြန်လည်တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။