ဆေးခြောက်စိုက်ခင်း ရုံးချိန်းတွင် သုတေသနစိုက်ခင်း ဖြစ်ကြောင်း သက်သေခံစာရွက်များ တင်သွင်း

ဆေးခြောက်စိုက်ခင်း ရုံးချိန်းတွင် သုတေသနစိုက်ခင်း ဖြစ်ကြောင်း သက်သေခံစာရွက်များ တင်သွင်း
Published 20 August 2019

 

ဆေးခြောက်စိုက်ခင်း ဖြစ်စဉ်၏  ၉ ကြိမ်မြောက် ရုံးချိန်းတွင် တရားဝင်ခွင့်ပြုချက်ရ သုတေသနစိုက်ခင်း ဖြစ်ကြောင်း သက်သေခံစာရွက်များ တင်သွင်း

ဆေးခြောက်စိုက်ခင်းဖြစ်စဉ်ရဲ့ ၉ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၉ ရက်က မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး မူးယစ်ဆေးဆရာဝန်တစ်ဦးနှင့် မြို့သာစက်မှုဥယျာဉ်စီမံကိန်းဥက္ကဋ္ဌတို့ကို  ဆက်လက် စစ်ဆေးခဲ့ကာ တရားဝင်ခွင့်ပြုချက်ရ သုတေသနစိုက်ခင်းဖြစ်တဲ့  သက်သေခံစာရွက်များ တင်သွင်းခဲ့ကြောင်း သိရပါတယ်။