ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)က အဆောက်အဦဆောက်ရန် ခြံစည်းရိုးကာရံမှုတွင် ရဲတပ်ဖွဲ့နှင့် တောင်သူမိသားစုအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်ကြောင့် တောင်သူခြောက်ဦးကို ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်
၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက မဟာအောင်မြေမြို့နယ်ရှိ သိမ်းဆည်းယာမြေအတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)က အဆောက်အဦဆောက်လုပ်ရန် ခြံစည်းရိုးကာရံခဲ့ရာမှ ရဲတပ်ဖွဲ့နှင့် တောင်သူမိသားစုဝင်တို့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နှင့်ပတ်သက်၍ ပုဒ်မငါးခုဖြင့် တရားစွဲခံထားရတဲ့ တောင်သူခြောက်ဦးကို ထောင်ဒဏ်နှစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။