သီးခြားလူမျိုး သတ်မှတ်ပေးရေး၊ မျိုးနွယ်စုပြောင်းလဲသတ်မှတ်ပေးရေးနှင့် တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ် ပေးရေး စသည့် တောင်းဆိုမှုများ များစွာရှိနေဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေပြော
တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းဟာ ပကတိအခြေအနေနဲ့ ကိုက်ညီမှုမရှိလို့ဆိုကာ သီးခြားလူမျိုး သတ်မှတ်ပေးရေး၊ မျိုးနွယ်စုပြောင်းလဲသတ်မှတ်ပေးရေး၊ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ပေးရေး စတဲ့ တောင်းဆိုမှုများ များစွာရှိနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။