ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ ဆိုင်းဘုတ်ဖြုတ်ချထားပေမယ့် ၄င်းအဖွဲ့အမည်ဖြင့် ပရဟိတ လှုပ်ရှားမှုများဆက်လက် ဆောင်ရွက်နေဆဲဖြစ်ဟုဆို
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌဆရာတော် ဦးတိလောကာဘိဝံသ သီတင်းသုံးရာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်နဲ့ ဒုတိယဥက္ကဋ္ဌ ရွှေရတုတိပိဋက ဆရာတော်ဦးသီလက္ခန္ဓာဘိဝံ သီတင်းသုံးရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပိဋကသုံးပုံ နိကာယ်စာသင်တိုက်တို့မှာ တင်ထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ဆိုင်းဘုတ်တွေကို ဖြုတ်ချထားပေမယ့် ၄င်းဖောင်ဒေးရှင်းအဖွဲ့အမည်နဲ့ လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။