ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများအား ဂါရဝပြု အခမ်းအနားပြုလုပ်ရာတွင် ကရင်အာဇာနည်နေ့ဟု မသုံးနှုန်းရန် ဧရာဝတီတိုင်းအစိုးရ ညွှန်ကြား
ဧရာဝတီတိုင်းအတွင်းက ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများအား ဂါဝရပြုသောနေ့ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ဂုဏ်ပြုအခမ်းအနားများ ပြုလုပ်ရာမှာ ကရင်အာဇာနည်နေ့အခမ်းအနားလို့ အမည်မသုံးနှုန်းဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်များ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။