ကောက်ယူခဲ့သည့်စစ်တမ်းများအရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ မဲပေးလိုသည့်ဦးရေမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၄၈ ရာခိုင်နှုန်းသာရှိဟု PACE အဖွဲ့ ထုတ်ပြန်
၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့စစ်တမ်းများအရ ပြည်သူများအနေဖြင့် နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှုမှာ လျော့ကျလာနေပြီး ယခုနှစ် မတ်လအတွင်းက သီးခြား ကောက်ယူခဲ့တဲ့ စစ်တမ်းများအရ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးလိုတဲ့ဦးရေမှာ တစ်နိုင်ငံလုံးအနေနဲ့ ၄၈ ရာခိုင်နှုန်းခန့်သာရှိနေတယ်လို့ ရွေး ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က ထုတ်ပြန်ပါတယ်။