ဆေးခြောက်စိုက်ခင်း အမှုတွင် အမေရိကန်နိုင်ငံနှင့် အဆက်အသွယ်ရှိသည့် လိုပြသက်သေတစ်ဦးကို စစ်ဆေး

ဆေးခြောက်စိုက်ခင်း အမှုတွင် အမေရိကန်နိုင်ငံနှင့် အဆက်အသွယ်ရှိသည့် လိုပြသက်သေတစ်ဦးကို စစ်ဆေး
Published 6 August 2019

ဆေးခြောက်စိုက်ခင်း အမှု ၈ ကြိမ်မြောက် ရုံးထုတ်တွင် အမေရိကန်နိုင်ငံနှင့် အဆက်အသွယ်ရှိသည့် ပါဆယ်ဌာနမှ လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် မြို့သာစက်မှုဥယျာဉ်စီမံကိန်းဥက္ကဌအား စစ်ဆေးသွားမည်

ဆေးခြောက်စိုက်ခင်းဖြစ်စဉ် ၈ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၅ ရက်နေ့က မြင်းခြံခရိုင်တရားရုံးမှာစစ်ဆေးခဲ့ပြီး  အမေရိကန်နိုင်ငံနဲ့ အဆက်အသွယ်ရှိတဲ့ ပါဆယ်ဌာနမှ လိုပြသက်သေတစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ကာ လာမည့်ရုံးချိန်းမှာတော့  မြို့သာစက်မှုဥယျာဉ်စီမံကိန်းဥက္ကဌအား စစ်ဆေးသွားမယ်လို့သိရပါတယ်။