ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာအိမ်ရာရှိ နေအိမ်များအား သက်ဆိုင်ရာ က ရှင်းလင်း ဖယ်ရှားစဉ် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့
ရန်ကုန်တို်င်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနမှတ်တိုင်အနီး သုမင်္ဂလာ လမ်းမကြီးနဲ့ သီရိဟေမာ လမ်းသွယ်ထောင့် မင်္ဂလာအိမ်ရာရှိ နေအိမ်များအား သြဂုတ် ၄ ရက် (ယနေ့) နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းစဉ် အမှတ်(၁) အိမ်ခြံမြေကွက်အား ပြည်သူ့စေတနာ့ဝန်ထမ်း အသင်းအဖွဲ့က လူတစ်ချို့နှင့် ဖယ်ရှားရှင်း လင်းသူများ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။