Victoria အမှုနှင့်ပတ်သက်ပြီး တရားစွဲတင်ခံရသူ အောင်ကြီးကိုတတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ရုံးချိန်းမှာ စစ်ဆေးမှုအခြေအနေဘယ်လိုရှိခဲ့လဲ အများပြည်သူစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တတိယရုံးချိန်းကိုု ဒီကနေ့ သြဂုတ် ၁ ရက်မှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာစစ်ဆေးခဲ့ပါတယ်။ ဒုတိယရုံးချိန်မှာ တရားလိုဖြစ်သူ ဗစ်တိုးရီးယားမိခင်က ဆရာမနှင်းနုကို နောက်ထိုးတရားခံအဖြစ် တင်ပြခဲ့မှုနဲ့ပတ်သက်ပြီး ဒီနေ့ရုံးချိန်မှာ ဥပဒေအရာရှိက ဘယ်လိုသဘောထားမှတ်ချက်ပေးခဲ့လဲဆိုတာတွေကို တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့ ပြောကြားမှုတွေအား ကြည့်ရှုရမှာပါ။
Victoria အမှုနှင့်ပတ်သက်ပြီး အောင်ကြီးကိုတတိယအကြိမ်ရုံးထုတ်
Most Viewed
Most Recent
36 min ago
2 days ago
5 days ago
6 days ago