မြေနုကျွန်းပဋိပက္ခကြောင့် လူအများအပြားသေဆုံးရမှုသည် အုပ်ချုပ်ရေးကဏ္ဍ၏ လယ်ယာမြေအပိုင်းတွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေခြင်းကြောင့်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

မြေနုကျွန်းပဋိပက္ခကြောင့် လူအများအပြားသေဆုံးရမှုသည် အုပ်ချုပ်ရေးကဏ္ဍ၏ လယ်ယာမြေအပိုင်းတွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေခြင်းကြောင့်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 27 July 2019

ရေနံချောင်းမြို့နယ်အတွင်းက ကျေးရွာ နှစ်ရွာမှာ မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွားရာမှ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခ ကြောင့် လူအများအပြားသေဆုံးရတာဟာ အုပ်ချုပ်ရေးကဏ္ဍရဲ့ လယ်ယာမြေအပိုင်းမှာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေခြင်း ကြောင့် ဖြစ်တယ်လို့ စလင်းမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ဝေဖန်ပါတယ်။