ရန်ကုန်လိုင်စင်ဖြင့် Micro Bus, Mini Bus ယာဉ်အမျိုးအစား ဘယ်မောင်းအစီးရေ ၁၀၀၁ စီးရှိပြီး လိုအပ်ပါက School Bus အဖြစ် ဝင်ရောက် ပြေးဆွဲနိုင်သည့် အခွင့်အရေးရှိကြောင်း ပို့ဆက်ဒုဝန်ကြီး ပြောကြား
ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ထားတဲ့ Micro Bus, Mini Bus ယာဉ်အမျိုးအစား ဘယ်မောင်း အစီးရေ ၁၀၀၁ စီးရှိပြီး အဆိုပါယာဉ်တွေဟာ School Bus သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် လိုက်နာ ဆောင်ရွက်နိုင်တာကြောင့် လိုအပ်ပါက School Bus အဖြစ် ဝင်ရောက်ပြေးဆွဲနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ပါတယ်။