မင်းပြားတွင် လေးမြို့မြစ် ကမ်းပါးပြိုကျခြင်းကြောင့် နေအိမ် ၇၀ ဝန်းကျင် ဖြိုဖျက်ခဲ့ရပြီး နေအိမ် ပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်နေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ လေးမြို့မြစ် ကမ်းပါးပြိုကျခြင်းကြောင့် နေအိမ် ၇၀ ဝန်းကျင်ဖြိုဖျက်ခဲ့ရ ပြီး ရေထဲမျောပါသွားတဲ့ နေအိမ်များလည်းရှိနေကာ နေအိမ်များ ဆက် လက်ပြိုကျမှုများရှိနေတယ်လို့ သိရပါတယ်။