ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီယာဉ်များစက်တင်ဘာလကုန်နောက်ဆုံးထား၍ City Taxi မှတ်ပုံတင်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ အရ အရေးယူသွားမည်

ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီယာဉ်များစက်တင်ဘာလကုန်နောက်ဆုံးထား၍ City Taxi မှတ်ပုံတင်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ အရ အရေးယူသွားမည်
Published 25 July 2019

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တက္ကစီယာဉ်များအနေဖြင့် ယခုနှစ် စက်တင်ဘာလကုန် နောက်ဆုံးထားကာ City Taxi မှတ်ပုံတင်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၂၄ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ရဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။