လေလံစုမဲကိစ္စကြောင့် လမိုင်းမြို့တွင်အိမ်များဖျက်ဆီးခံရသည့်ဖြစ်စဉ်တွင် ဓားပြမှုဖြင့်အမှုဖွင့်ခံရမှုကို မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ နှင့် အသနားခံစာစိစစ်ရေးကော်မတီထံတိုင်ကြားစာပေးပို့ထား
ရေးမြို ့နယ် လမိုင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ Online လေလံစုမဲကိစ္စကြောင့် လူစုလူဝေးနဲ့ နေအိမ်တွေ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်မှာ ဓားပြမှုနဲ့ အမှုဖွင့်ခံထားရမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ခံထားရသူတွေရဲ့ မိသားစုတွေက မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ နှင့် အသနားခံစာစိစစ်ရေးကော်မတီထံ တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။