လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းအထိ H1 N1 ပိုး တွေ့သူ လေးဦးနှင့် သံသယလူနာ သုံးဦး တွေ့ရှိထား
လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းအထိ ရာသီတုပ်ကွေး H1N1 ပိုးတွေ့သူ လေးဦးနဲ့ သံသယရှိသူ သုံးဦး တွေ့ရှိထားတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အသိပညာပေး အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။