ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်မည် မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုများပါ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆို
မြန်မာပြည် အထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပေမယ့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အထက်ပိုင်းဒေသတွေက ရေတွေ ရောက်ရှိလာချိန်ဟာ ရေသေရက် ဖြစ်နေမှာ ဖြစ်တာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ကပြောပါတယ်။