မဲဆောက်တွင် ရက် ၂၀ ကြာ ထိန်းသိမ်းခံထားရသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၆၄ ဦး ပြန်လည်လွတ်မြောက်
မဲဆောက်မြို့မှာ ရက် ၂၀ ကြာ ထိန်းသိမ်းခံထားရတဲ့ အထောက်အထားမဲ့မြန်မာလုပ်သား ၆၄ ဦးဟာ ဇူလိုင်လ ၁၉ ရက် နေ့ ညပိုင်းက ပြန်လည်လွတ်မြောက်ခဲ့ပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။