မဲဆောက်မြို့ကားမီးလောင်မှုတွင် ပါဝင်ခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၄ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရ (ရုပ်သံ)
မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ အထောက်အထားမဲ့မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦးအပါအဝင် ၆၅ ဦးဟာ မဲဆောက် မြို့မှာဖြစ်ပွားခဲ့တဲ့ ကားမီးလောင်မှုအတွင်း တစ်စုံတစ်ရာမထိခိုက်ခဲ့ပေမယ့်လည်း ဒီနေ့အချိန်အထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဒါဟာ လူ့အခွင့်အရေးကော အလုပ်သမားအခွင့်အရေးပါချိုးဖောက်ခံရတာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တွေက ပြောပါတယ်။