မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေအမှတ်မှာ တစ်နာရီလျှင် နှစ်စင်တီမီတာနှုန်း မြင့်တက်လျက်ရှိပြီး စိုးရိမ်ရေမှတ်ရောက်ရန် နှစ်ပေခန့်သာ လိုတော့ကြောင်းသိရ
ဧရာဝတီမြစ်ရေမှာ လေးရက်အတွင်း ခြောက်ပေကျော် မြင့်တက်လာပြီး ဇူလိုင် ၁၈ ရက် ညပိုင်း တိုင်းထွာချက်အရ ၁၂၂၄ စင်တီမီတာ (စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်အလို) အထိ မြင့်တက်လျက်ရှိပြီး နောက်နှစ်ရက်အတွင်း မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။