သီလဝါ အထူးစီးပွားရေးဇုန် အောင်မြင်မှုသည် နိုင်ငံ့ပုံရိပ်ကို ဖော်ဆောင်နေခြင်း ဖြစ်သောကြောင့် တာဝန်ရှိသူများ ပိုမိုလုပ်ဆောင်ကြရန် ဒုတိယသမ္မတ (၂) ဆို

သီလဝါ အထူးစီးပွားရေးဇုန် အောင်မြင်မှုသည် နိုင်ငံ့ပုံရိပ်ကို ဖော်ဆောင်နေခြင်း ဖြစ်သောကြောင့် တာဝန်ရှိသူများ ပိုမိုလုပ်ဆောင်ကြရန် ဒုတိယသမ္မတ (၂) ဆို
Published 19 July 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ရုံးချုပ် (ယာယီ) နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။