ငါန်းဇွန်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှုးရုံး မြေနေရာကိစ္စအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရရုံးသို့ သနားခံစာ လာတင်သော ကျေးရွာသားများ မြို့အဝင်တွင် ပိတ်ဆို့တားဆီးခံရ
ငါန်းဇွန်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှုးရုံး ဆောက်တဲ့ နေရာကို ကျေနပ်မှုမရှိသဖြင့် နှစ်ကြိ်မ်ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ပြေလည်မှု မရရှိတာကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရရုံးကို သနားခံစာလာတင်တဲ့ ကျေးရွာသားတွေကို မြို့အဝင်မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။