နေပြည်တော်သက်ငယ်မုဒိမ်းမှုမှ တရားခံလို့ယူဆရသူအဖြစ် ဖမ်းဆီးတရားစွဲဆိုခံထားရသူ အောင်ကျော်မျိုး (ခေါ်) အောင်ကြီးရဲ့မိဘများနှင့်တွေ့ဆုံမေးမြန်းခြင်း

နေပြည်တော်သက်ငယ်မုဒိမ်းမှုမှ တရားခံလို့ယူဆရသူအဖြစ် ဖမ်းဆီးတရားစွဲဆိုခံထားရသူ အောင်ကျော်မျိုး (ခေါ်) အောင်ကြီးရဲ့မိဘများနှင့်တွေ့ဆုံမေးမြန်းခြင်း
Published 5 July 2019

“ ဒီအမှုကိုမှန်မှန်ကန်ကန်ပေါ်ပေါက်စေချင်တဲ့ဆန္ဒရှိတယ်၊ ကျွန်တော်သားလည်းမဟုတ်တဲ့အတွက် ကျွန်တော်တို့ကလေးကို လွတ်စေချင်တယ် ’’အောင်ကြီးဖခင် “ ကျွန်မတို့ကသာမန်ဝန်ထမ်းပါ၊ သားကိုမဟုတ်ရင် မဟုတ်တဲ့အတိုင်း ၀ိုင်းဝန်းကူညီပေးကြပါ၊ သိန်း ငါးသောင်းပေးရင်တောင် ကျွန်မသားလေးကို မလဲနိုင်ပါဘူး။” အောင်ကြီးမိခင် အများစိတ်ဝင်စားမှုမြင့်တက်နေတဲ့ နေပြည်တော်သက်ငယ်မုဒိမ်းမှုမှ တရားခံလို့ယူဆရသူအဖြစ် ဖမ်းဆီးတရားစွဲဆိုခံထားရသူ အောင်ကျော်မျိုး (ခေါ်) အောင်ကြီးရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိဘနှစ်ပါးကို တွေ့ဆုံမေးမြန်းချက်များအား Eleven Broadcasting ကထုတ်လွှင့်တင်ဆက်ပေးထားပါတယ်။