စစ်ဘေးရှောင်စခန်းများတွင် သွားရောက် စာသင်ကြားပေးသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ရှမ်းပြည်နယ် ပညာရေးမှူး ပြောကြား

စစ်ဘေးရှောင်စခန်းများတွင် သွားရောက် စာသင်ကြားပေးသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ရှမ်းပြည်နယ် ပညာရေးမှူး ပြောကြား
Published 16 June 2019

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေ ကြရသော စစ်ဘေးရှောင်တွေမှာ ကလေးငယ်များလည်း ပါဝင်ပြီး၊ ကျောင်းသူကျောင်းသား စာသင်ချိန် ပျက်ကွက်မှာဖြစ်တာကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်မှုဖြင့် စစ်ဘေးရှောင်စခန်းများတွင် သွားရောက် စာသင်ကြားပေးသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ရှမ်းပြည်နယ် ပညာရေးမှူး ဦးဝင်းမောင် က ပြောပါတယ်။