မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းအား လွှတ်တော်ကော်မတီမှ သွားရောက်စစ်ဆေး
မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း အဆင့်မြှင့်တင်မှုတွေကို အိန္ဒိယနိုင်ငံ IMT Expressway ကုမ္ပဏီက စတင်လုပ် ဆောင်နေပြီး လမ်းဖောက်လုပ်မှုလုပ်ငန်းအခြေအနေတွေကို အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊စက်မှု၊လျှပ်စစ်နှင့်စွမ်းအင် ကော်မတီက ဇွန်လ ၉ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။