ရန်ကုန်တိုင်းဝန်ကြီးချူပ်နှင့် တွေ့ဆုံရန် အစိုးရအဖွဲ့ ရုံးအပြင်ဘက်တွင် ညအိပ် စောင့်ဆိုင်းနေသည့် ညောင်ရွာ မီးဘေးသင့် ပြည်သူများကို နေရာမှ ဖယ်ရှားပေးရန် အုပ်ချုပ်ရေးအဖွဲ့ လာရောက် သတိပေး
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဖို့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး အပြင်ဘက်မှာ တစ်ပတ်နီးပါးကြာမျှ ညအိပ် စောင့်ဆိုင်းခဲ့တဲ့ ညောင်ရွာ မီးဘေးသင့် ပြည်သူတွေကို နေရာမှ ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၀ ရက်မွန်းလွဲပိုင်းက လာရောက် သတိပေးခဲ့တယ်လို့ သိရပါတယ်။