မန္တလေးဗဟို အကျဉ်းထောင်အတွင်း သေဆုံးသွားသည့် ကိုထွန်းမြင့်ဝင်း၏ နာရေးပြုလုပ်

မန္တလေးဗဟို အကျဉ်းထောင်အတွင်း သေဆုံးသွားသည့် ကိုထွန်းမြင့်ဝင်း၏ နာရေးပြုလုပ်
Published 8 June 2019

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရပြီး သုံးရက်ခန့်အကြာမှာ မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့တဲ့ ကိုထွန်းမြင့်ဝင်းရဲ့ နာရေးအခမ်းအနားကို ၎င်းနေထိုင်ရာ အောင်သပြေကျေးရွာမှာ ဇွန် ၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။