ငါးရစ်ငါးသန်ကာလများတွင် တရားမဝင်ငါးဖမ်းဆီးမှုများမရှိစေရေး ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားရန် ဧရာဝတီ တိုင်းအစိုးရက ညွှန်ကြားထားဟု ဆို
ငါးရစ် ငါးသန်ကာလများဖြစ်တဲ့ မေလ၊ဇွန်လနဲ့ ဇူလိုင်လတွေမှာ တရားမဝင် ငါးဖမ်းဆီးမှုများမရှိစေရေးအတွက် တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေတွေအရ ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာတွေအလိုက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကာ ဥပဒေများ အတိုင်း လိုက်နာဆောင်ရွက်သွားရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။