ဒဂုံတောင် ၁၀၆ရပ်ကွက်တွင် လူစုလူဝေးဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ဖမ်းဝရမ်းထုတ်ခံထားရသူနှစ်ဦးအနက် သီဟမျိုးနိုင်က ရဲစခန်းသို့လာရောက်အဖမ်းခံ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ရပ်ကွက်မှာ လူစုလူဝေးဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူူနှစ်ဦးအနက် သီဟမျိုးနိုင်က ဇွန်လ ၆ရက်နေ့မှာ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။