၂၀၂၀ ခနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းထားကြောင်း ဒုတိယသမ္မတ(၁) ပြောကြား
ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုဟာ လာမည့်နှစ်တွေမှာ တိုးတက်နိုင်မယ်လို့ မျှော်မှန်းထားပြီး ၂၀၂၀ ခုနှစ်မှာ နိုင်ငံ၏ GDP တိုးတက်မှုနှုန်းဟာ ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းထားကြောင်း နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောကြား လိုက်ပါတယ် ။