ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး GGSကုမ္ပဏီဒါရိုက်တာဦးအောင်မြတ်က ဂက်စ်ကြွေးကျန်ကိစ္စရှင်းလင်းပွဲ၌ပြောကြားခဲ့သော ဗီဒီယိုဖိုင်ကို တရားလိုဘက်က သက်သေအဖြစ်တင်သွင်း

ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး GGSကုမ္ပဏီဒါရိုက်တာဦးအောင်မြတ်က ဂက်စ်ကြွေးကျန်ကိစ္စရှင်းလင်းပွဲ၌ပြောကြားခဲ့သော ဗီဒီယိုဖိုင်ကို တရားလိုဘက်က သက်သေအဖြစ်တင်သွင်း
Published 5 June 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုဥပဒေဖြင့် တရားစွဲဆို၍ ထားဝယ်အကျဉ်း ထောင်တွင်ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့်ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့်GGSကုမ္ပဏီတာဝန်ရှိသူ သုံးဦးကိုဇွန် ၄ ရက်က တိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌၁၁ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေအဖြစ် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌအားတရားခံရှေ့နေများက ပြန်လှန်စစ်မေးကာ GGS ကုမ္ပဏီဒါရိုက်တာဦးအောင်မြတ်ကဂက်စ်ကြွေးကျန်ကိစ္စရှင်းလင်းပွဲတွင်ပြောကြားခဲ့သောဗီဒီယိုဖိုင်ကိုတရားလိုဘက်ကသက်သေအဖြစ်တင်သွင်းခဲ့ကြောင်းသိရပါတယ်။