နိုင်လွတ်လုံ ပုဒ်မ (၁၀) ဖြင့် အမှုဖွင့် တိုင်ကြားခံထားရသည့် ကရင်နီ လူငယ်ခေါင်းဆောင် (၆) ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိ
ကယားပြည်နယ် လွိုင်ကော်မြို့မရဲစခန်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ အမှုဖြင့် တိုင်ကြားခြင်းခံရတဲ့ ကရင်နီ လူငယ်ခေါင်းဆောင် ၆ ဦးအနက် တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး (ခ) ဂူးဂူး ဆိုသူကို ဇွန် ၂ ရက် ညနေ ၆ နာရီခွဲခန့်အချိန်က ဖရူဆိုမြို့အဝင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။