စပါးစျေးကျဆင်းနေမှုက မြန်မာ့လယ်သမားများဘဝကို ပိုမိုကျပ်တည်းစေပြီလား

စပါးစျေးကျဆင်းနေမှုက မြန်မာ့လယ်သမားများဘဝကို ပိုမိုကျပ်တည်းစေပြီလား
Published 29 May 2019

 

ဆန်စပါးကို အဓိကထား စိုက်ပျိုးတဲ့ ဒေသအချို့မှာ စပါးစျေးကျဆင်းနေမှု ဒဏ်ကို အဓိက ကြုံတွေ့နေရတဲ့အတွက် စျေးမြှင့်ဝယ်ယူပေးနိုင်ဖို့အတွက်   ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ အိုင်ဗရီကို့စ်နိုင်ငံကနေ မြန်မာနိုင်ငံမှတင်ပို့သည့်ဆန်တန်ချိန် ၁၈၀၀၀ ကိုလူစားသုံးရန်မသင့်ဟု ဆိုကာ ဖျက်ဆီးခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့  ရန်ကုန်ဆန်စျေးကွက်မှာ အရောင်းအဝယ်အေးခဲ့ပြီး ဆန်စျေးကျဆင်းမှု လည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေမှာ ဒေသအသီးသီးကနေ နွေစပါးများဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး ဆန်စက်တွေမှာလည်း စပါးများ ပြည်နှက်နေပြီး ကျိတ်ခွဲမရောင်းချနိုင်သလို ထပ်မံဝယ်ယူဖို့အခက်အခဲဖြစ်နေတာပဲ ဖြစ်ပါတယ်။