ကလေးသူငယ် ဥပဒေကြမ်းပါ ထိမ်းမြားလက်ထပ်ခြင်းအပိုဒ်တွင် အသက်သတ်မှတ်ချက်ပြင်ဆင်ခဲ့ခြင်းမှာ ၁၈ နှစ်အောက် ထိမ်းမြားလက်ထပ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများကို ပြန်ညွှန်းလိုက်သည့် သဘောသာဖြစ်ဟု ဆို
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်းမှာ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာန်ပြုနိုင်တဲ့အသက်မှာ ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမယ်ဆိုတဲ့စကားရပ်ကို ဖြုတ်ပြီး တည်ဆဲဥပဒေ၊ဓလေ့ထုံးတမ်းဥပဒေတွေမှာ သတ်မှတ်ထားတဲ့ အတိုင်းဖြစ်စေရမယ်လို့ ပြင်ဆင်အတည်ပြုခဲ့တာဟာ အသက် ၁၈ နှစ်အောက်မှာ ထိမ်းမြားလက်ထပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘဲ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို ပြန်ညွှန်းလိုက်တဲ့ သဘောသာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။















