အိန္ဒိယ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရကြောင်း မိုဒီ၏ ပါတီ ကြေညာ

အိန္ဒိယ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရကြောင်း မိုဒီ၏ ပါတီ ကြေညာ
Published 24 May 2019

အိန္ဒိယရွေးကောက်ပွဲမဲတွေကို မေလ ၂၃ရက်နေ့မှာ စတင်ရေတွက်ခဲ့ပြီးနောက် နေ့လည်အချိန်အထိပြီးစီးမှုအရ လက်ရှိဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ အာဏာရ ဘရာသီယာဂျနာသာပါတီ(ဘီဂျေပီ)က ၄င်းတို့ဟာ မဲအပြတ် အသတ်နဲ့ ထပ်မံအနိုင်ရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။