အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
လက်နက်ကိုင်ပဋိပက္ခကျယ်ပြန့်နေသည့်နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် တမဟုတ်ချင်းရရန် အခက်အခဲရှိမည်ဖြစ်ပြီး ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးအတွက် အစပြုခြေလှမ်းကောင်းတစ်ခုဖြစ်ဟု KNU/KNLA-PC အထွေထွေအတွင်း ရေးမှူးချုပ် ပြော
ပုသိမ်ကြီးမြို့နယ်တွင် ကားဖြင့်ဆိုင်ကယ်ကိုတိုက်မိပြီး ကားတွင်ငြိပါသွားသည့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သတိပြန်လည်လာခဲ့ပြီး တိုက်ပြေးသွားသူကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ
တရားမဝင် အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုဆိုင်ရာ Website များ၊ Social Media များကို စုံစမ်းဖော်ထုတ်ကာ ဖျက် သိမ်းခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောကြား
ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်မည်ဆိုပါက ဂါဇာတွင် စစ်ဆင်ရေးကို ပြန်လည် စတင်သွားမည်ဟု အစ္စရေး သတိပေး
ပစ်ဖို့ဒ်ကို အဲဗာတန်အသင်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို