မေလ ၂၅ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
■ အမေရိကန်က မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားများအပါအဝင် ဒါဇင်နှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများကို တောင် ဆူဒန်နိုင်ငံသို့ တရားမဝင် ပို့ဆောင်
■ မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှု ကျူးလွန်သူ ငါးဦးအား ဖမ်းဆီးရမိ
■ မေလ တတိယဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမို အားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
■ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန် သမ္မတဒေါ်နယ်ထရန့်၏အမိန့်ကို ဖက်ဒရယ်တရားသူကြီးက ပိတ်ဆို့လိုက်ပြီး ထုတ်ပယ်ခံ ရသောဝန်ထမ်းများအား ပြန်လည်ခန့်အပ်ရန် အမိန့်ချ
■ ဘာစီလိုနာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုပြီးနောက် ဆုဖလားများထပ်မံရယူလိုကြောင်း အသင်းနည်းပြ ဟန်ဆီ ဖလစ်ခ် ပြောကြား