ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
• ပန်းရောင်ကဒ် အသစ်ပြုလုပ်ရန်ထိုင်းအစိုးရသတ်မှတ်သောမူရင်းဈေးထက်မြင့်မားနေခြင်းကြောင့် အထောက်အထားလျှောက်ထားနိုင်သူမြန်မာလုပ်သားတစ်သိန်းခန့်သာရှိဟုဆို
• KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ရောင်းချမည့် ကျပ် နှစ်ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ မန္တလေးမြို့၌ ဖမ်းဆီးရမိ
• ဟာဝိုင်ယီ၏ ကီလောင်ယာ မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားနေပြီး ချော်ရည်များမှုတ်ထုတ်နေ
• အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ လေယာဉ် ကာဇက်စတန်တွင် ပျက်ကျမှု ဖြစ်ပွား၊ ၂၈ ဦး အသက်ရှင်
• လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှ်ကို ကို ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် မန်ယူ၊ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ချိန်ရွယ်နေပြီး ယူရိုသန်း(၈၀)ဝန်းကျင် သုံးစွဲရဖွယ်ရှိ