လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ တရားဟောပလ္လင်ထက်မှာ ပုံမှန်မြင်တွေ့နေကျ ကိုယ်တော်တွေထက် အသက်အရွယ်ငယ်ရွယ်တဲ့ ကိုရင်လေးတစ်ပါးဗီဒီယိုဖိုင်ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကြည်ညိုသဒ္ဒါပွားစရာ ဖြစ်ခဲ့တာ အားလုံးမှတ်မိကြဦးမှာပါ။ အသက်(၁၄) နှစ်အရွယ်သာရှိသေးတဲ့ ကိုရင်လေး ဥတ္တမသာရဟာ တစ်ဘဝလုံး သာသနာ့ဘောင်မှာ နေပြီး တရားနဲ့ မိဘကျေးဇူးဆပ်မယ်လို့ ဆုံးဖြတ်ထားတာပါ။ အခုချိန်မှာ ပြည်တွင်း၊ပြည်ပမှာ တရားဟောပြောမှုတွေရှိနေတဲ့ ကိုရင်လေး ဥတ္တမသာရဟာ ပရိယတ္တိစာပေတွေကို သင်ယူပြီး သူ့ရဲ့ သာသနာခရီးလှမ်းကို ဆက်လက်လျှောက်လှမ်းဖို့ လုပ်ဆောင်နေပါပြီ။ ရှင်ဥတ္တမသာရ၏ ပရိယတ္တိစာသင်တိုက်သို့ ပညာသင်ကြားရန် အပ်နှံခြင်းအခမ်းအနားကို မေ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အောင်မြေဘုံစံ ပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပြီး ယောက်ကော်ဆရာလေး၊ ကိုရင် ဦးဥတ္တမသာရ၏ မိဘများက အပ်နှင်းခဲ့ကြပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ် တရားဟောပြောနေတဲ့ ကိုရင်လေး ဥတ္တသာမရဟာ သာသနာ့ အာဇာနည်တစ်ပါး လို့ ညွှန်းဆိုပါတယ်။ "ကိုရင်လေးက အပါး တစ်ရာမှာ အပါး တစ်ထောင်မှာ အပါး တစ်သိန်းမှာ သာသနာ့ အာဇာနည်တစ်ပါးပေါ်ပေါက်ဖို့ဆိုတာ မလွယ်ပါဘူး။ဒီခေတ်မှာဆိုရင် ကိုရင်တွေက တော်တော်ရှားပါးတဲ့ ခေတ်ဖြစ်သွားပြီ"လို့ ကိုရင် ရှင်ဥတ္တမသာရရဲ့ သာသနာ့လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီပေးနေတဲ့ ယောက်ကော်ဆရာလေးက ပြောဆိုပါတယ်။
ရှင်ဥတ္တမသာရ၏ ပရိယတ္တိစာသင်တိုက်သို့ ပညာသင်ကြားရန် အပ်နှံခြင်းအခမ်းအနား
Most Viewed
Most Recent
4 hours ago
15 hours ago
2 days ago
4 days ago
4 days ago
5 days ago
6 days ago









