မေ ၂၂ ရက် နံနက်ပိုင်းသတင်းအစီအစဉ်

မေ ၂၂ ရက် နံနက်ပိုင်းသတင်းအစီအစဉ်
Published 22 May 2024

မေ ၂၂ ရက် နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)

■    ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်မီးရရှိ
■    မေ ၂၃ ရက်မှ မေ ၂၇ ရက်အတွင်း မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့် တိုင်းနှင့်ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
■    သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ထောင် ဖောက်ခွဲဖျက်ဆီးခံရ
■    ထိုင်းနိုင်ငံ၏ အထက်လွှတ်တော်သစ်ကို ရွေးကောက်တင်မြှောက်မည့် လုပ်ငန်းစဉ် စတင်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်မှုပြုလုပ်
■    မိမိတို့ ဖလားသုံးလုံးရနိုင်သည့် အခွင့်အရေးရှိနေပြီး မိမိကစားသမားများသည် ဖလားသုံးလုံးအောင်ပွဲနှင့် ထိုက်တန်သူများ ဖြစ်သည်ဟု အလွန်ဆို ပြောကြား