မိတ္ထီလာမြို့နယ်၊ မုန်တိုင်လွင်ပြင်ဒေသတွင် လေးရက်အတွင်း လက်ပစ်ဗုံးတစ်လုံး၊ ဗုံးသီိးဟောင်းနှစ်လုံး သီးခြားစီတွေ့ရှိခဲ့ပြီး လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့
မိတ္ထီလာမြို့နယ်၊ မုန်တိုင်လွင်ပြင်ဒေသမှာ စစ်လက်နက်ပစ္စည်းတွေ မကြာခဏတွေ့ရှိနေပြီး မတ်လ(၈)ရက်နေ့ကနေ မတ်လ (၁၁) ရက်နေ့အထိ လေးရက်အတွင်း လက်ပစ်ဗုံးတစ်လုံး၊ ဗုံးသီးဟောင်း နှစ်လုံးသီးခြားစီတွေ့ရှိခဲ့ရပြီး လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။