ဇန်နဝါရီ ၉ ရက်မနက်ခင်းသတင်းအစီအစဉ်

ဇန်နဝါရီ ၉ ရက်မနက်ခင်းသတင်းအစီအစဉ်
Published 9 January 2024

1. လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက ဖြိုဖျက်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ထွက်ပေါ်လာ

2. ဗိုလ်ချုပ်ကြီးမိုးအောင်အား နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်

3. မြဝတီမြို့မှ ပြည်တွင်းသို့ သွားရာတွင် မဖြစ်မနေ သွားရသည့် ထို့ကော်ကိုးလမ်းမှာ လမ်းခရီးကြမ်တမ်းခြင်းကြောင့် ခရီးသွားနှင့် မော်တော်ယာဉ်များ အခက်ကြုံ

4. ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟာဆီနာ၏ ပါတီက လွှတ်တော်အမတ်နေရာ လေးပုံသုံးပုံကို အနိုင်ရရှိ

5. ရန်စမှုမှန်သမျှကို စစ်ရေးအရချက်ချင်းတုံ့ပြန်မည်ဟု မြောက်ကိုရီးယားပြောကြားခဲ့ပြီး တောင်ကိုရီးယားနယ်စပ်အနီးသို့ သုံးရက် ဆက်တိုက် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်