■ အိပ်မက်တွေဆီ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ နုပျိုမြစ်တစ်စင်း(သို့မဟုတ်) ANS ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၆၃ ဒသမ ၅ - ၆၇ ကီလိုတန်းချန်ပီယံ သက်ဝင်းအောင်

■ အိပ်မက်တွေဆီ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ နုပျိုမြစ်တစ်စင်း(သို့မဟုတ်) ANS ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၆၃ ဒသမ ၅ - ၆၇ ကီလိုတန်းချန်ပီယံ သက်ဝင်းအောင်
Published 31 December 2023

ဒီဇင်ဘာ ၂၄ ရက်ကျင်းပတဲ့ ANS ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၆၃ ဒသမ ၅ - ၆၇ ကီလိုတန်းမှာ 360 Sports ကလပ်မှ သက်ဝင်းအောင်က ချန်ပီယံခါးပတ် ရရှိခဲ့ပါတယ်။ ချန်ပီယံခါးပတ်ဟာ ၁၆ နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လက်ဝှေ့လောကထဲ ဝင်ရောက်ခဲ့တဲ့ သက်ဝင်းအောင်အတွက် လက်ဝှေ့ကစားသမားဘဝသုံးနှစ်ကြာမှာ ပထမဆုံးအောင်မြင်မှု ဖြစ်လာခဲ့တာပါ။ဒီအောင်မြင်မှုဟာ သက်ဝင်းအောင်အတွက်ရှေ့ဆက်ကစားဘဝမှာမျှော်မှန်းထားတဲ့ အောင်မြင်မှုအိပ်မက်လှေကားထစ်တွေဆီ လျှောက်လှမ်းသွားဖို့ အားမာန်ခွန်အားပါ။ ဘဝအောင်မြင်မှုရည်မှန်းချက်အတွက်၊ ဝမ်းစာအတွက် ကိုယ်ဝါသနာပါရာတစ်ခုခုကို စွန့်လွှတ်ရသူတွေရှိတဲ့ လောကကြီးထဲမှာ သက်ဝင်းအောင်ကတော့ သူ ရူးသွပ်တဲ့၊ ဝါသနာပါတဲ့ လက်ဝှေ့အားကစားကို ကြိုးစားထိုးသတ်ရင်း မျှော်လင့်ထားတဲ့ အောင်မြင်မှုအိပ်မက်တွေဆီ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ နုပျိုတဲ့ မြစ်တစ်စင်းလို့ ဆိုရမှာပါ။